စိမ်း.ဆိုလည်း စိမ်း
သံယောဇဉ်ဖြတ် မဆက်ဆံချင်တော့၇င်လည်း
အတင်းမနှင်နဲ့ပေါ့...
သစ်စိမ်းကျိုးလို ငါ့အသည်းမကြွပ်ဆတ်ပါဘူး
အချစ်ရဲ့ ပူလောင်မှု့ဆိုတာ
နင်မုန်းမှ ငါခံစားတတ်ခဲ့တာ
ထပ်သင်ပေးခဲ့ပါ..
လေးနက်တဲ့ခံစားမှု့တွေရဲ့အထာ
ကျရှုံးသွားမှုရဲ့ခံစားမှု့ အနက်
ဟာ...ငါကိုက
အချစ်တက္ကသိုလ် ဘွဲ့လွန်ပဲတက်နေသလိုလို
ငါ့ခံစားချက်က..
ကိုလူခါး ကဗျာထက်ကလို လုံးသွားလိုက် ပြားသွားလိုက်
ငါ့..ရောက်နေတဲ့ဘ၀က..
ကိုတိုးနှောင် ကဗျာထက်က ငါးငတ်တဲ့ မြစ် လိုလို
နင်တကယ်ကျေနပ်မယ်ဆို..ငါလေ..
ဆရာမောင်စိန်ဝင်း လို ခပ်စိမ်းစိမ်းပဲနေလိုက်ပါမယ်...
စစ်သွေးညို
No comments:
Post a Comment