ကဗျာရေးသားခြင်း
သွားရင်း လာရင်းနဲ့ ဒဿနညတွေ နက်နက်လာ
ခေါင်းရင်းက ငါ့..စိတ်ကူး တစ်စနှစ်စက
ခေါင်းအုံးထက်မှာ စင်းစင်းကလေး......
ခဏ ခဏ လမ်း ထထလျှောက်တတ်တဲ့ အိမ်မက်
အလင်္ကာစီ တဲ့ ရက်ဆို ပုပ်သိုးသိုးလေးနဲ့.......
တပိုင်းတစနဲ့ ခြွေခြွေချခဲ့တဲ့ ကဗျာအပိုင်းအစကလည်း
မျက်နှာကျက် ထုတ်တန်းထက်မှာ ကြိုးဆွဲချလို့.......
မနက်မနက် ဟင်း..ဆိုတဲ့ သက်ပြင်းအမောနဲ့
သရဏဂုံ တင်နေရတာလည်း ရက်ဆက်ရော......
ဒီအတွက်နဲ့..ရင်မှာငတ်ငတ်နေတဲ့ ဒေါသက
တိတ်တဆိတ် နောက်ပိုး ပိုးလို့
အားမရ မှု့တွေက သိမ်ငယ်မှု့တွေထဲမှာ
ပေါလောကလေးမျော
ဘယ်အချိန်ကြွေကျလာမယ်မှန်းမသိတဲ ကောင်းကင်ပြာပြာအထက် စကားလုံးအလှအပ
ခဏခဏ တမ်းတမ်းတရတော့
ခံစားမှု့ ရသ ကလည်း ခပ်နွမ်းနွမ်းပါပဲ.....
တစိမ့်စိမ့်နဲ့ ကဗျာဆိပ်တက်တတ်တဲ့ရက်
ကျတတ်တဲ့ စိတ်သဏ္ဍာန်က
မြေပြင်ပေါ် ခေါင်းထိုးဆင်းတော့မယ့် ဟန်.....
စိတ်ဓာတ်တွေက ၀ါသနာကိုချောက်ချလို့
စစ်မပြီးခင် လဲလျောင်းသွားတတ်တဲ့ အောင်မြင်မှု့တွေ ချောက်မကျရအောင်
ဖြေသိမ့်...........
ကိုယ်ဘာသာ..ဖြေသိမ့်ရင်း
ငါ့..ကဗျာတစ်ပုဒ် ထက်ဖို့ အနည်းအကျဉ်းလေးတော့
ခဲယဉ်းမှာပေါ့...............
စစ်သွေးညို
No comments:
Post a Comment