Friday, October 12, 2012

ကိုယ့် ဘ၀ကို...နောက်ကြောင်းပြန်ကြည့်ခြင်း


ကိုယ့် ဘ၀ကို...နောက်ကြောင်းပြန်ကြည့်ခြင်း


ကိုယ့်..ဘ၀ကို နောက်ကြောင်းပြန်ကြည့်တော့
ဘ၀ တွေကဒဏ်ရာချက်တွေနဲ့
တခါတခါ ကဗျာတွေရေးတယ်
ငါ.ဆိုတဲ့ မနူးမနပ်ကောင်ကလည်း
ဟိုး တမျှော်တခေါ်ကနေ ပြုံးပြုံးနေတတ်တယ်
ခံစားချက်တွေက ထိရှလွယ်လို့
ရောက်တက်ရာရာက မျက်ရည်သုတ်နေရတာဟာ
ငါတို့ သိတဲ့ သစ္စာတရားအပေါ်မှာ
အချစ်က တခါတခါ လူတွင်ကျယ် လုပ်နေလို့ပေါ့..
ကောင်းရောဗျာ..အခုတော့
ဘာမှန်းမသိတဲ့ အချစ်ကို
သစ္စာတရားနဲ့ ခြံခတ်ပစ်လိုက်တာ
ဘ၀ တခုလုံး အုတ်အော်သောင်းနင်းပဲ
ရီရမလား?..ငိုရမလား???
ငါ တို့ကအစတေးခံဆိုတော့..
သစ္စာတရားရဲ့ ဘက်တော်သား
အချစ်ရဲ့ အဖိနှိပ်ခံ
ဘယ်ဘ၀မှာနေသားကျမလဲ
မရွေးတတ်တော့လဲ
တခါတခါ လက်ခုပ်ကလေးတီးမိတယ်
ဘာမှမဟုတ်သလိုပေါ့...........

တဆိတ်လောက်ဗျာ.
ကရုဏာသက်တဲ့ အကြည့်လေးပြင်ပေးပါ
ငါ.နောက်ပြန်ကြည့်တဲ့ဘ၀က
သနားစရာမှမဟုတ်တာ..
နောင်တဆိုတာ..
ဆန်တအိတ်လောက်မှ မလေးတာပဲ
ခံစားတတ်ရင်လည်း ဘ၀ဇာတ်စင်ပြိုအောင်တော့မကနဲ့ပေါ့..
မျက်ရည်တကွက်အတွက် ဘ၀တ၀က်စာရူးသွားမှာဆိုးလို့ပါ...


                                                       စစ်သွေးညို (12.10.2012)

No comments: