Saturday, October 20, 2012

ဖေးကူလှည့်ပါ

ဖေးကူလှည့်ပါ


အမိမဲ့သား ရေနည်းငါး တဲ့
သူတို့ကလေးတွေဘ၀...
သဘာဝကျတဲ့ အမိအဖဆိုတဲ့အလှအပ
လေးကြောင်းမျဉ်းထက်ပေါ်မှာ သဘာဝကျကျမလှပခဲ့ဘူး..
မေတ္တာလည်း..ငတ်
ကရုဏာလည်း..မက်
တောင့်တအိမ်မက်ကလည်း
မနိုးတစ်ဝက် နိုးတစ်ဝက်
ငတ်တလှည့် ပြတ်တစ်လှည့် နဲ့
အမိုက်..အမိုက်ဘက်ကိုလှည့်ရင်း..
သူ့..နှလုံးသားသွေးတစ်စက်က
မျက်ဝန်းတစုံအထက် ငွေ့ရည်တွေဖွဲဖွဲ့ တက်
ကူရာမဲ့တဲ့ မျက်ရည်စက်တို့က ရွှဲရွှဲစိုလို့ပေါ့...

ခိုကိုးရာမဲ့ အမိမဲ့သား
စာရိတ္တ ဒဏ်ရာဒဏ်ချက်ကအများသား
လူသား..လူဇာတ်မှာမှအရာမသွင်း
အနှိမ် အချ ပုံတိုပတ်စများနဲ့
ဝိုင်းလို့ ၀ါးကူထိုး
ဒီလို..ဘ၀ဆိုးမျိုး
ဖေးမကူပါ ကရုဏာလက်ဖမိုးနဲ့...
အရိပ်အမိုးမဲ့ အခိုအကိုးမဲ့ ဘ၀ဆိုးဆိုးထဲက
ကရုဏာလက်တွေမိုးထားတဲ့ အိမ်ထဲကို.........


                                                 စစ်သွေးညို

No comments: