မြန်မာ့စကားပုံများ
အပိုင်း(၁-၅)
၁။ကြက်ဥပြုတ် သံတုတ်နဲ့ချ။
   ကြက်ဥပြုတ် သံတုတ်နဲ့ခွဲသည်
  ဆိုသကဲ့သို့ အင်အားကို အရာဌာနနှင့်
 မလိုက်အောင်သုံးပြုသည်။
၂။ကြမ္မာဆောင် သားကောင်ဆိတ်ဖြစ်။
  ကြမ္မာငင်လာလျင် သားကောင်ကိုပင် ဆိတ်
ဟုထင်မှားမိသကဲ့သို့ ကံမကောင်းလျင်
အန္တရာယ်ကိုပင် အန္တရာယ်ဟု မထင်မှတ်ပဲ
ရှိတတ်သည်။
၃။နောက်မှကင် အရင်ကျက်။
နောက်မှကင်သော်လည်း အရင်ကျက်
သကဲ့သို့  နောက်ကျသော်လည်း 
အခွင့်အလမ်းသာ၍ဖြစ်စေ 
အကြံဥာဏ်ထူးသာ၍ဖြစ်စေ 
အရင်ဦးစွာပြီးမြောက်အောင်မြင်သည်။
၎။ဝါဂွမ်းတစ်လှည်း ဖုတ်၍ အကျွမ်းမရ။
လှည်းတစ်စီးတိုက်ရှိသော ၀ါဂွမ်းကိုမီးဖုတ်
သော်လည်း လောင်ကျွမ်းပြီး ပစ္စည်းအစအန
မရနိုင်သကဲ့သို့ မည်မျှပင်ကြီုးစားလုပ်ဆောင်
သော်လည်း အကျိုးမရနိုင်ဖြစ်သည်။
၅။အငိုလွယ် အရှိုက်ခက်။
အငိုလွယ်သော်လည်း အရှိုက်ခက်သည်
ဆိုသကဲ့သို့ စတင်ရန်လွယ်ကူသော်လည်း
နောက်ပိုင်း၌ပေါ်လာမည့် ပြဿနာများကို
ဖြေရှင်းရန်ခက်သည်။ 
 
 
No comments:
Post a Comment