၁။ခရမ်းသီးပိန် ဓားတုံး
ခရမ်းသီးပိန်ကို ဓားတုံးတုံးဖြင့်
လှီးလျှင် အလွယ်တကူမပြတ် သကဲ့သို့
ပစ္စည်းဂုဏ်သိန် အရှိန်အ၀ါ ညှိုးမှိန်နေ
သောအခါ အရာရာကို ဆောင်ရွက်၍
အလွယ်တကူ မအောင်မြင်နိုင်။
၂။ခံဆူးခံချွန်၊ဆီးဆူးဆီးချွန်
ခံဆူး ဆီးဆူး တို့သည် သဘာဝ
အလျှောက်ချွန်လာသကဲ့သို့ အချို့သူတို့
သည် ဗီဇအလျှေညက်ညော အလိုလိုချွန်
လာကြသည်။
၃။ထမင်းကြမ်းက အငွေ့ထွက်ချင်။
အငွေ့ထွက်ရန် အကြောင်းမရှိသော
ထမင်းကြမ်းက အငွေ့ထွက်ချင်သကဲ့သို့
ပူပန်စရာမလိုသောသူက ပူပန်ချင်သည်။
၎။ထန်းပလပ်* နတ်ရုပ်ထင်။
နှစ်သက်မြတ်နိုးမိလျှင် ထန်းပလပ်
ကိုပင် နတ်ရုပ်ထင်မှတ်သကဲ့သို့
မိမိမြတ်နိုး လျှင် မလှပသည်ကိုပင်
အလွန်အကျူး လှပသည်ဟု ထင်မှတ်
သည်။
၅။ဒေါင်းတုလို့ စာသူငယ်လှမ်း။
ဒေါင်း၏ ခြေရာကို စာသူငယ်က တုပ၍
လှမ်းသကဲ့သို့ မိမိနှင့်မတန်မရာကို တုပ်
ပြုမူသည်။
Published with Blogger-droid v2.0.6
No comments:
Post a Comment