ရခိုင်ပြည်နယ်ရှိ မူဂျာဟစ်ပါတီဧ။်တောင်းဆိုချက်များ (၁၉၄၈နောက်ပိုင်း)
    ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေး
ရရှိခဲ့ရာ နိုင်ငံတော်ကို ဖဆပလအစိုးရ အုပ်ချုပ်ခဲ့သည်။ရခိုင်တွင်
(ရတည)အဖွဲ့က ရခိုင်ပြည်နယ်ရရှိရေးကို အကြောင်းပြု စည်းရုံး
လှုပ်ရှားနေသည်။လွတ်လပ်ရေးမရခင်ကပင် ဖွဲ့စည်းခဲ့သော မူဂျာဟစ်
အဖွဲ့သည် လွတ်လပ်ရေးရပြီးနောက်အင်အားတောင့်တင်းလာခဲ့သည်။
၁၉၃၈ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် ဘူးသီးတောင်နှင့် (၃)မိုင်ခန့်
အကွာ ဆင်အိုးပြင်ရွာတွင် မူဂျာဟစ်တို့စတင်စခန်းချခဲ့ပြီး ပါကစ္စတန်
ဂျီနာဗတ် (ပါကစ္စတန်အဓွန့်ရှည်ပါစေ)ဟူသောကြွေးကြော်သံကို
ကုလားလိုမပြတ်ကြွေးကြော်ခဲ့ကြသည်။
   ၁၉၄၈တွင် မောင်းတောမြို့နယ် ဂရပြင်ကျေးရွာ၌ မွတ်ဆလင်
လွတ်မြောက်ရေးအဖွဲ့ညီလာခံကို ကျင်းပပြီး မူဂျာဟစ်ပါတီကို
တရားဝင် တည်ထောင်လိုက်သည်။ စစ်ရေးခေါင်းဆောင်မှာ
jaffar kawal ဖြစ်ပြီး လက်ထောက်မှာ ဟူစိန်ဖြစ်သည်။
တောင်းဆိုချက်ထဲတွင်-
- ကုလားတန်မြစ်အနောက်ဘက်ကမ်းနှင့် နတ်မြစ်အရှေ့ဘက်ကြား
  ဒေသကို မွတ်ဆလင်တို့ဧ။် nation homeအဖြစ်သတ်မှတ်ပေးရန်
-ရခိုင်ရှိ မွတ်ဆလင်များကို တိုင်းရင်းသားအဖြစ် ထည့်သွင်းပေးရန်
  စသည့်အချက်များပါဝင်သည်။
  မူဂျာဟစ်ပါတီသည် ယင်းတောင်းဆိုချက်များပင်အားမရနိုင်ပဲ
ရော်ရှိန်းခေါင်းဆောင်သောအဖွဲ့က ၀န်ကြီးချုပ်ထံတင်သွင်းရန်
တောင်းဆိုချက်ပါစာတမ်းကို မြို့ နယ်ဖဆပလဥက္ကဌ ဦးစံထွန်းအောင်
မှတဆင့် တင်သွင်းလာခဲ့သည်။
        ယင်းတောင်းဆိုချက်များမှာ-
-ရခိုင်ရှိ မွတ်ဆလင်များအားလုံးကို နိုင်ငံတွင်းရှိ ရခိုင်မွတ်ဆလင်အဖြစ်
သတ်မှတ်ပေးရန်။
-မူဂျာဟစ်များကို အမြဲတမ်းတပ်မတော်တွင် ရခိုင်မွတ်ဆလင်သေနတ်ကိုင်
တပ်အဖြစ် သီးခြားထားရန်။
-အစိုးရဌာနတိုင်းတွင် မွတ်ဆလင်များကို အရည်အချင်းအလိုက် ၀င်ခွင့်ပြု
 ရန်။
- မွတ်ဆလင်များအား နာမာလ်၊ရူဂျာ၊ဟာခ်ျ၊ဖိုခတ်(ဘူခါ) များလွတ်လပ်ခွင့်
  ပြုရန်။
-ပညာသင်ကျောင်းတိုင်းတွင် အာရ်ဘီဘာသာကို အမြဲတမ်းဘာသာအဖြစ်
  မြန်မာဘာသာ နှင့်တန်းတူသင်ကြားသတ်မှတ်ပေးရန်။
-ဘူးသီးတောင်၊မောင်တောတွင် ဆေးရုံတစ်ရုံနှင့်ဆေးပေးခန်းများ ဖွင့်လှစ်
ပေးရန်။
-နိုင်ငံတော်ဝန်ကြီးချုပ်က ၄င်းတို့အား ရခိုင်တိုင်းသူပုန်နှိမ်နှင်းရန်အတွက်
ကျည်ဆန်ထုတ်ပေးရန်တို့ပါရှိလေသည်။
ထိုသို့တောင်းဆိုချက်များတွင် မွတ်ဆလင်များကို ရခိုင်မွတ်ဆလင်အဖြစ်
အသိအမှတ်ပြုရေးနှင့် မွတ်ဆလင်အခွင့်အရေးတောင်းဆိုချက်များသာ
ပါရှိပြီး ရိုဟင်ဂျာဟူသောလူမျိုးအနေဖြင့်တောင်းဆိုသည်ကို မတွေ့ရ
သဖြင့် ထိုအချိန်အထိ ရိုဟင်ဂျာဟူသောလူမျိုးအဖြစ် ဖန်တီးယူရန်
အစီအစဉ်မရှိသေးကြောင်းတွေ့ရှိနိုင်ပေသည်။
 * နာမလ်.... ဘုရားဝတ်ပြုခြင်း
 *  ရူဂျာ   .....ဥပုသ်ပြုခွင့်
 * ဘူခါ   .....အမျိုးသမီးများဝတ်ရုံဝတ်ခွင့် နှင့် ၀တ်ရုံဧ။်မျက်နှာဖုံးကို
                 လှန်ကြည့်ခွင့်မရှိရန်
အကိုး-ဘူးသီးတောင်မြို့နယ်သမိုင်း၊လက်နှိပ်စက်မူ၊စာ-၂၂၀
 
 
No comments:
Post a Comment