လူ့.....ငနွား
မိုးသောက်သစ်ဆန်း
အာဝဇွန်းနှင့်
သောတညံစီစီ
ကိန်းဂဏန်းဆီသို့
နေ့ဖန် ကြိမ်လီ
ထိုမိန်းမမည်သည်
မပေါင်းလည်း မကောင်း
ပေါင်းလည်း မကောင်း။
အသပြာ၊ကြေးမြင်
ကြင်ကြင်နာလျှက်
ငွေစမမြင်
ငြူစူစူဖြင့်
ပြုမူပြောင်းလဲ
ထိုမိန်းမလည်း
မပေါင်းလည်း မကောင်း
ပေါင်းလည်း မကောင်း။
မကောင်းမှန်းသိ
မှတ်မရှိလျှင်
ပေါင်းဖက်မိသို့
ဖက်တွယ်ကာထား
ဤ..ယောက်ျားလည်း
မပေါင်းလည်း မကောင်း
ပေါင်းလည်း မကောင်း
ထိုထို..ယောက်ျား
လူ့..ငနွား တည်း..။
စစ်သွေးညို
No comments:
Post a Comment