ငြိမ်းချမ်းရေး..ဆီသို့
ဒို့..မြန်မာ အသက်တည်
မေခ မလိခမြစ်ဆီမှ
အို..ဒုက္ခရဲ့ငိုညည်းသံ
အဖန်ဖန် နားသောတခံနေရပြီ
စစ်ပွဲတွေ အလီလီ
ဒို့ မြန်ပြည်မြောက်ဘက်ဆီမှ
အို..စစ်ဆိုတဲ့ အနိဌာ...
အဖန်ဖန် ရှု့မြင်နေရပြီ
ဒီတော့....
ငြိမ်းချမ်းမှု့ စိတ်မှာရည်
ဒို့.သွေးတို့ မကုန်ခမ်းစတမ်း
ကလောင်ချက်တွေနဲ့ အကဲစမ်းလို့
စစ်အတွက့်  ငြိမ်းချမ်းရေး ပခုံးထက်ထမ်းရင်း
ယမ်းငွေ့ဝေစီ မနောမြေဆီသို့....
ချီတက်လှမ်းကြစို့.....
ငြိမ်းချမ်းမှု့ စိတ်မှာရည်
ဒို့.သွေးတို့ မကုန်ခမ်းစတမ်း
ကလောင်ချက်တွေနဲ့ အကဲစမ်းလို့
စစ်အတွက့်  ငြိမ်းချမ်းရေး ပခုံးထက်ထမ်းရင်း
ယမ်းငွေ့ဝေစီ မနောမြေဆီသို့....
ချီတက်လှမ်းကြစို့.....
စစ်သွေးညို
No comments:
Post a Comment