ကဗျာဆရာ့..ဘဝ
ငါတို့..အမေအဆိုသင်
ချိုမိုင်မိုင်နဲ့ ဘ၀စ
ငါတို့တွေ ရဲ့ဘ၀တစ်စက
က ခ ဂ ဃ င ...
မှတ်ထားသမျှက
အထာမကျတော့
ကဗျာဆရာဆိုတဲ့ ဘ၀မှာ
သဒ္ဒါမကျခဲ့ဘူး
ဒီ..အက္ခရာစီတဲ့ ဘ၀အထက်
နှောင်းနောင်တ တစ်စက်မကျစတမ်း
မလွမ်းလည်းလွမ်း
လွမ်းလည်းလွမ်း
မကြင်လည်းကြင်
ကြင်လည်းကြင်
ငါ..့ခံစားချက် ကတော့ အငှားလိုက်မြဲ
အမိုက်အမဲ အမိုက်အမဲတဲ့..အမေက
အမေ....
ပေလွှာအထက် လင်္ကာချပ်က
ကျွန်တော်ထက်တောင် မိုက်မဲသေးတယ်
ငွေရှင်တွေက တိုက်၊ခြံပိုင်တယ်
ကျွန်တော်တို့က ခံစားချက် ပိုင်တယ်
ငိုရတယ်၊ရယ်ရတယ်၊လွမ်းရတယ်၊ဆွေးရတယ်
ခံစားချက် သူဌေးသား ကဗျာသမားတဲ့
ငွေရှင် လွန်ရင် စည်းစိမ်ကျန်မယ်
ကျွန်တော် လွန်ရင်တော့ ခံစားချက်တွေ ပြန့်ကျန်ရစ်ခဲ့မယ်....
(စစ်သွေးညို) (11.10.2012)
No comments:
Post a Comment