Tuesday, July 16, 2013

ဖြောင့်ချက် ၅



           


`ဒီညေနေလးကို
မကြွေပျက်အောင်၊တယုတယ
ရွရွကလေးကိုင်ထားလိုက်ချင်တယ်

ဘိန်းစားဖြစ်နေတဲ့၊သူငယ်ချင်းရဲ့ စကားသံ
အဖန်တလဲလဲ၊နားထဲမှာကြားနေဆဲ။

လူဖြစ်နေတုန်းမှာ၊လုပ်ချင်တာ လုပ်ပြီး
အချည်းနှီးသေသွားရင်လဲ၊ အကောင်းသား သူငယ်ချင်းရေ။

တို့တွေ
တစ်ခုေုကိုတော့လုပ်နေကြရဲ့။

ဟိုး-ေ၀းလံတဲ့အရပ်ဒေသမှာ
တန်ပြန်အကျိုးသက်ရောက်မှုတွေရှိတယ်လို့
ဖတ်လက်စစာအုပ်လေးထဲမှာ၊ ရေးထားတာတွေ့ရတယ်။

ကတ္တရာလမ်းပေါ်၌၊ယှက်သန်း ထိချိတ်နေသော
သစ်ရွက်ရိပ်များ၊ပြန့်ကားကျယ်၀န်းလာ၏။

ဆန္ဒဟောင်းများ၊မပြည့်၀မီ
ဆန္ဒသစ်များ၊မြစ်တစ်စင်းလို
စီးဆင်းလာပြန်ပေါ့။
                        ကိုဆွေ

No comments: