Monday, July 15, 2013

ပျူသူပြည်သား



တငြိမ့်ငြိမ့်ဧရာ၀တီ
ကြီးကောင်၀င်စမြို့ပြ
အ၀ိုင်းပတ်ယဉ် ဦးစားပေးစံနစ်
ကာရာအိုကေစင်တင်စားသောက်ဆိုင် စကတ္တို
မော်တော်ဆိုင်ကယ်ခေတ်က
ဓာတ်မီးတိုင်တွေချိတ်ထားတဲ့ အမှောင်တွေလို
ကိုရီးယားစတိုင်
     လရောင်ကို သားကောင်အဖြစ် မွေးပေးခဲ့
     ပေလြ၊ လင်ကွင်း၊ ဗုံသံ
     တရိပ်ရိပ် ပြိုဆင်းလာတဲ့ ဧရာ၀တီကမ်းပါးလို
     ယဉ်ကျေးမူ အေမြက အနှစ်မဲ့
     ကမ်ဘာကြီးက အရင်လုံးပြီး ၀ိုင်းပေမယ့်
     အခု ပြားပြန်ပြီ
     ပျူတို့ရဲ့ဘ၀က ကြွေးကြော်သံ ဘယ်နှစ်ခုနှင့် ရှင်လဲ
     ရောင်စုံမီးပန်းတွေ
     ဗိုလ်ချူပ်လမ်း ရွှေတစ်ချောင်း လမ်းမတော်
     တစ်လမ်းမောင်းနှင့် ဆဲလ္ပြားထားတဲ့ သွေးပြန်ကြော
     သွေးလွှတ်ကြောများ
     စက်တပ်ယဉ်တွေ
     ပျူဟန်နှင့် မောင်းဖို့ဆိုတာ မလွယ်

သျှီခေတ္တရာတဲ့
ကလောင်နာမည်နောက်မှာ ခေတ္တရာတပ်မကောင်းတဲ့
အလွမ်းဂန္တ၀င်ဆည်းဆညနေ၀င်ချိန်ထဲ
မြှားဟာပြာင်းပြန်စီးသွားတဲ့ အရိပ်ထဲ
သွေးထွက်သံယို အကြောင်းကြားစာများ
အပွင့်ရယ်ကုန် အငုံကျန်သေးတယ်
မေလး လက္ခတ္သံ ။ ။
                                                 တိုးနှောင်မိုး

No comments: