Saturday, July 20, 2013

ပြည်



သမင်တံဆိပ်နဲ့
ခေတ္တရာယူနိုက်တက် ကလပ်အသင်းမှာ
အတောက်ပဆုံး အနုပညာရှင်နှစ်ယောက်
ဒီနှစ်မပါ၀င်တော့ဘူးဆိုတာ
မြစ်ကလည်းသိပါရဲ့..........။

ဆေးရောင်စုံဖျော်စပ်ထားတဲ့ ကဗ်ာတစ္ပုဒ္လို ဂန ္တ၀င်ဆန်ဆန်လှပ
ပဒေသရာဇ်ဇာတ်ကောင်
န၀ဒေးနဲ့ ရှင်နှောင်းတို့၀ိညာဉ်များစီးမျောရာ
ပျူယာဉ်ကျေးမှု့ ကျူဗစ်ဇင်များလင်းပျက်ရာ
သြဇာတောင်တန်းစိမ်းညို့ရီမှောင်
ခရမ်းနုရောင်တိမ်တိုက်တွေ ရွက်လွှင့်ကောင်းကင်
ပြင်သစ်လို အနုပညာထွန်းကားတဲ့.........မြို့........။

ရှေ့မှာ...
ရွှေရောင်တလက်လက်ထနေတာ
အနော်မာ ၊ ဗော်ဒဂါတို့လို
ရာဇ၀င်ရှိသောမြစ်ပါကွဲ့
သူ့ စီးဆင်းမှု့ အနားသတ်မျဉ်းဟာ
သီချင်းတွေအော်ဆိုနေတဲ့ပင်လယ် ဖြစ်တယ်.......။

            ချမ်းငြိမ်းအေး


No comments: