ဇီးကွက်တွေလို
ညထွက်ကြ။
အောင်မြင်မှုကို
မြည်းစမ်းကြ။
ထိမှန်တဲ့သီချင်း
ငါတို့က
သေမင်းနဲ့အချိန်ပိုမကစားဘူး။
ငါတို့
ပူပင်သောကမသောက်ဘူး။
စိတ်ကိုခိုင်အောင်ချည်ထားတဲ့အသိသက်သေမှာ
ငါတို့ရာသီဥတုက
တောကိုမှီခဲ့။
စိမ်းစိုနေသောနေရောင်ခြည်အတွင်းရေးကို
ငါတို့ရေငုံနှုတ်ပိတ်ကြ။
ငါတို့စဉ်းစားသမျှ
ငါတို့တွေးကြ။
စိတ်ကူးမှာမမျှော်မလင့်နဲ့ပွင့်ရ
သူများစိတ်ကူးနဲ့
မျှော်လင့်မှုကိုလင်းမိတယ်
မချောင်ဘူး
ပင်ပန်းရ
နွမ်းရစိုးရိမ်ရ
အသက်မျှင်ရ
မသက္သာဘူး။
အသံတွေပြန်မကြားရရင်
အဲ..အသံတွေဆီ
ခုန်ချဖို့ရဲရမယ်ဆိုတာ
နှင်းပုံပြင်ထဲက မိုးခရမ်းတွေသဲသဲမဲမဲမရွာခင်အစ
ငါကမုန်တိုင်းကိုအလွတ်ကျက်ပီးသား
ခရီးလွန်နေသောသီချင်းများ
တံခါးတွန်းဖွင့်
ပန်းပွင့်နဲ့လာခဲ့ပါ။ ။
တိုးနှောင်မိုး
No comments:
Post a Comment