ညက
ကဗျာဆရာသေတယ်
သူ ့သေဆုံးမှုမှာ ဘာကဗျာဆန်မှုမှမပါဘူး
သာမန္လူတေယာက္လိုပဲ သေတယ်။
သူ ့အနားမွာ
မိသားစု၀င်တချု ိ့နဲ ့
မိတ်ဆွေတစုသာ
သူ ့အကြောင်းပြောပြီးနှစ်သိမ့်ကြ
ဆေးလိပ်မီးညှိကြ
ပင့်သက်ချပြီး ခေါင်းဆတ်ကြ။
အေးစက်စက်ကြီး
တိတ်ဆိတ်ငြိမ်သက်နေတဲ ့ စ်ာပနမွာ
မိန်းမသုံးယောက်ဆီက အသံထွက်လာတယ်
တေယာက္ကသူ ့မိန်းမ
ဘ၀အဖော်မို ့ ငိုတယ်။
တေယာက္က သူ ့သမီး
အားကိုးတကြီး
မြင့်မိုရ်တောင်ကြီး ပြိုသွားလို ့ ငိုတယ်။
တေယာက္က သူ ့အေမ
အမိုက်ဆုံးသားမို ့ သနားပြီးငိုတယ်။
သူ ့ဘေးမှာ
ရေးလက်စ ကဗျာတချို ့သာကျန်ခဲ ့တယ်။
ဘ၀တလျှောက်လုံး
ဒုက္ခနဲ ့လုံးထွေးရှင်သန်ခဲ့တယ်
မယုံကြည်ရာကို မျှောချမစီးဆင်းဘဲ
ယုံကြည်တာကို ရွက်လွှင့်ဆန်တက်ခဲ ့သူအဖို ့
ဒါ . . .
ထွက်ပြေးလွတ်မြောက်သွားတာလား
ပြေးထွက် လွတ်မြောက်သွားတာလား
ကဗျာဆရာကတော့သေပြီ
သေချာတာက . . .
လူအျဖစ္လာခဲ ့ပြီး
ကဗျာဆရာအဖြစ်နဲ ့ သေခဲ ့တာပါပဲ။ ။
ချမ်းငြိမ်းအေး
ရယ္စရာ မဂ္ဂဇင်း
ဇွန် ၊ ၂၀၀၄။
No comments:
Post a Comment