Friday, July 5, 2013

ဖြစ်ကြောင်းကုန်စင်သမိုင်းကြောင်း


ကျွန်တော့်အဖေ မသေခင်က ကျွန်တော့်ကို
ပြောဖူးတယ်
မင်းနဲ့အတူ နေရတာ
အမှိုက်ပုံထဲ အိပ်ရ သလိုပဲတဲ့
ကျွန်တော်ကိုယ်တိုင် အမှိုက် ဖြစ်သလို
ကျွန်တော့်စာအုပ် တွေကလည်း သူ့အတွက် အမှိုက်လို ပါပဲ။

ဘယ်အရာမှ အလကား မရသလို
ဖေဖေလည်း ကျွန်တော့်ကို ရွေးချယ်မှု မရဘဲ
ရခဲ့တာ။
ကျွန်တော်လည်း သူ့လို ဖခင်ကို
မရွေးချယ်ဘဲ ရခဲ့တာ
မိဘနဲ့ သားသမီး ဆိုတာ လူတိုင်း ဒီလိုပါပဲ။
စိတ်ကြိုက် ရွေးချယ်ဖို့ အတွက်
မဲပေး ပိုင်ခွင့်မှ မရှိတာ
အခု အေဖ မရှိတော့ဘူး
ရာထူးငွေကြေး ဂုဏ် ပကာသန
မရှိတော့ဘူး
ကျွန်တော့်မှာ
ဖေဖေ့ အပေါင်းအသင်း တွေလည်း
မရှိတော့ဘူး
နားနေတဲ့ ငှက်တွေလည်း
ဘယ်ပျောက်သွားလဲ
ငါးမျှားချိတ်မှာ ပုလင်းထဲက
လူတွေမိနေသလို
စိန်ခေါ်မှု တွေလည်း ကြုံခဲ့ရပေါင်း များပါပြီ။
အစွန်းရောက် လူ့ ယဉ်ကျေးမှုချင်း ပဋိပက္ခ
နိဂုံးက မွမ်းမံ ပြုပြင်ခြင်း
စိတ်ယုတ်မာ ကျွမ်းကျင်မှု စာအုပ်စာတမ်း
အင်ဖော်မေးရှင်း လက်နက်
မီဒီယာ လက္လုပ္လက္စား ဘ၀ သရုပ်ဖော်
ရာသီစာ ဖော်မြူလာနဲ့
ကော်ရစ်ရှင် ဆောင်ထားရသော
ခေါင်းညိတ် ခေါင်းခါမှုများ
တက္ကနို လိုဂျီ သံတမန် ဆက်ဆံရေး
ကြိုတင်ဟောခဲ့တဲ့ ဟောကိန်းအတိုင်း
ဖေဖေနဲ့ ကျွန်တော် ငြင်းခဲ့သမျှ
ဆိုရှယ်လစ် ဝါဒကြီး ပျက်သုဉ်း သြားတာပဲ
အဖတ်တင်တယ်
မြန်မာ့ရိုးရာ ရေမုန့်ကို လမ်းသရဲ မုန့်လုပ်လို့
(ရေမုန့်၊ အဲ-မုန့်ရေကို
လမ်းသရဲမုန့် လုပ်သလိုပေါ့)
အမှိုက်ဟာ လူကြီးလူငယ် ပြဿနာ
အီလက် ထရွန်တွေကို မွေးဖွားခြင်းသာ
ဖြစ်စေခဲ့တယ်။
ကွင်းဆက်တွေရဲ့ ကြီးမားသော အရံှုးတွင်
ကြားညပ်နေသော မျိုးဆက်ကြီး အတွက်
မုန်ယိုနေတဲ့ တံခါးတွေ ရှိလာတယ်
ယေဘုယျ ဆန်သော
မျက်နှာကျက်တွေ များလာတယ်
ကြားနေပွဲစား စကား ၀ယရြောငြးတှေ
များလာတယ်။
ခေတ်ဆိုတာ တဖြည်းဖြည်း ပြောင်းလာသလို
ခုတော့ အေစီရဲ့ စိန်ခေါ်သံဟာ ဥေရာပ ဖလားဆီ တဲ့လား
ဘုရားသခင် အလိုတော် အတိုင်း
မနက်ဖြန် မှာလည်း ရှိချင်မှ ရှိမယ်
ကျွန်တော့် နှလုံးသား ယခင် အပတ်ထက် ပိုကြီးဖို့ မလိုဘူး
အဘက္ဘက္က တစ်ဖက်
အာရုံကြော အခြေခံ ဆာလောင်ခြင်းက ပုဂ္ဂလိက ဝါဒ ပြိုကွဲမှု
အနာဂတ် လှိုင်းထတာ မဟုတ်ခဲ့။
ကျွန်တော်အခု ဖေဖေ ပြောတဲ့အတိုင်း
အမှိုက်ပုံ ထဲမွာ
ကျွန်တော် အမွားကို ရခဲ့သလား
အမွန္ကို ရခဲ့သလား
ေ၀ခှဲ မဆုံးဖြတ် နိုင်သလို
ေ၀လ ငါးကြီးတွေ
၀ိတိုရိယ ခေတ်ဆီ ပြန်သွားတာ မြင်လိုက်တယ်
သီပေါမင်း လေးဖက်ကုန်း ခေတ်စကားတော့ မဟုတ္ဘူး
အသစ်ဟာ အကြောင်းမညီညွတ်တော့ ကွန်ဆာဗေးတစ်
ကျွန်တော် အခု အဖနဖူး သိုက်တူးပြီး ဒီကဗ်ာ ရေးခဲ့တာ မဟုတ်
ေ၀ရငြးေ၀ရငြး နာနာလာတဲ့ ေ၀ဒနာ တွေကြောင့်
အနာေ
ကျွန်တော့်အဖေ မသေခင်က ကျွန်တော့်ကို
ပြောဖူးတယ်
မင်းနဲ့အတူ နေရတာ
အမှိုက်ပုံထဲ အိပ်ရ သလိုပဲတဲ့
ကျွန်တော်ကိုယ်တိုင် အမှိုက် ဖြစ်သလို
ကျွန်တော့်စာအုပ် တွေကလည်း သူ့အတွက် အမှိုက်လို ပါပဲ။

ဘယ်အရာမှ အလကား မရသလို
ဖေဖေလည်း ကျွန်တော့်ကို ရွေးချယ်မှု မရဘဲ
ရခဲ့တာ။
ကျွန်တော်လည်း သူ့လို ဖခင်ကို
မရွေးချယ်ဘဲ ရခဲ့တာ
မိဘနဲ့ သားသမီး ဆိုတာ လူတိုင်း ဒီလိုပါပဲ။
စိတ်ကြိုက် ရွေးချယ်ဖို့ အတွက်
မဲပေး ပိုင်ခွင့်မှ မရှိတာ
အခု အေဖ မရှိတော့ဘူး
ရာထူးငွေကြေး ဂုဏ် ပကာသန
မရှိတော့ဘူး
ကျွန်တော့်မှာ
ဖေဖေ့ အပေါင်းအသင်း တွေလည်း
မရှိတော့ဘူး
နားနေတဲ့ ငှက်တွေလည်း
ဘယ်ပျောက်သွားလဲ
ငါးမျှားချိတ်မှာ ပုလင်းထဲက
လူတွေမိနေသလို
စိန်ခေါ်မှု တွေလည်း ကြုံခဲ့ရပေါင်း များပါပြီ။
အစွန်းရောက် လူ့ ယဉ်ကျေးမှုချင်း ပဋိပက္ခ
နိဂုံးက မွမ်းမံ ပြုပြင်ခြင်း
စိတ်ယုတ်မာ ကျွမ်းကျင်မှု စာအုပ်စာတမ်း
အင်ဖော်မေးရှင်း လက်နက်
မီဒီယာ လက္လုပ္လက္စား ဘ၀ သရုပ်ဖော်
ရာသီစာ ဖော်မြူလာနဲ့
ကော်ရစ်ရှင် ဆောင်ထားရသော
ခေါင်းညိတ် ခေါင်းခါမှုများ
တက္ကနို လိုဂျီ သံတမန် ဆက်ဆံရေး
ကြိုတင်ဟောခဲ့တဲ့ ဟောကိန်းအတိုင်း
ဖေဖေနဲ့ ကျွန်တော် ငြင်းခဲ့သမျှ
ဆိုရှယ်လစ် ဝါဒကြီး ပျက်သုဉ်း သြားတာပဲ
အဖတ်တင်တယ်
မြန်မာ့ရိုးရာ ရေမုန့်ကို လမ်းသရဲ မုန့်လုပ်လို့
(ရေမုန့်၊ အဲ-မုန့်ရေကို
လမ်းသရဲမုန့် လုပ်သလိုပေါ့)
အမှိုက်ဟာ လူကြီးလူငယ် ပြဿနာ
အီလက် ထရွန်တွေကို မွေးဖွားခြင်းသာ
ဖြစ်စေခဲ့တယ်။
ကွင်းဆက်တွေရဲ့ ကြီးမားသော အရံှုးတွင်
ကြားညပ်နေသော မျိုးဆက်ကြီး အတွက်
မုန်ယိုနေတဲ့ တံခါးတွေ ရှိလာတယ်
ယေဘုယျ ဆန်သော
မျက်နှာကျက်တွေ များလာတယ်
ကြားနေပွဲစား စကား ၀ယရြောငြးတှေ
များလာတယ်။
ခေတ်ဆိုတာ တဖြည်းဖြည်း ပြောင်းလာသလို
ခုတော့ အေစီရဲ့ စိန်ခေါ်သံဟာ ဥေရာပ ဖလားဆီ တဲ့လား
ဘုရားသခင် အလိုတော် အတိုင်း
မနက်ဖြန် မှာလည်း ရှိချင်မှ ရှိမယ်
ကျွန်တော့် နှလုံးသား ယခင် အပတ်ထက် ပိုကြီးဖို့ မလိုဘူး
အဘက္ဘက္က တစ်ဖက်
အာရုံကြော အခြေခံ ဆာလောင်ခြင်းက ပုဂ္ဂလိက ဝါဒ ပြိုကွဲမှု
အနာဂတ် လှိုင်းထတာ မဟုတ်ခဲ့။
ကျွန်တော်အခု ဖေဖေ ပြောတဲ့အတိုင်း
အမှိုက်ပုံ ထဲမွာ
ကျွန်တော် အမွားကို ရခဲ့သလား
အမွန္ကို ရခဲ့သလား
ေ၀ခှဲ မဆုံးဖြတ် နိုင်သလို
ေ၀လ ငါးကြီးတွေ
၀ိတိုရိယ ခေတ်ဆီ ပြန်သွားတာ မြင်လိုက်တယ်
သီပေါမင်း လေးဖက်ကုန်း ခေတ်စကားတော့ မဟုတ္ဘူး
အသစ်ဟာ အကြောင်းမညီညွတ်တော့ ကွန်ဆာဗေးတစ်
ကျွန်တော် အခု အဖနဖူး သိုက်တူးပြီး ဒီကဗ်ာ ရေးခဲ့တာ မဟုတ်
ေ၀ရငြးေ၀ရငြး နာနာလာတဲ့ ေ၀ဒနာ တွေကြောင့်
အနာတွေ တတိုင်းရတဲ့ အနာ တရနဲ့
ဒဏ်ရာတွေကို ဆူးခြစ်ရာ လေးမျှ ခြစ်ထုတ် လိုက္တာပါ။
                                                                       တိုးနှောင်မိုး

No comments: