ငါ့ ...့မေတ္တာတရားက..ဟိုးးးးအပြာရင့်ရင့်တွေထဲမှာ
ငါကပေါ့...
နင့်စိတ်တနေရာက အလိုမကျခြင်းအတွက်
အစွန်အဖျားေ၇ာက်နေသူပါ
ငါကိုးကွယ်ခဲ့ရာနင့်သတင်းဆာလောင်မှု့တွေမှာ
မသိကျိုးနွံမှု့တွေက ငတ်မွတ်မှု့ကိုအာသာမပြေ ခဲ့..
တန်ဖိုးနည်း တံဆိပ်ကပ်ခံရတဲ့ မေတ္တာစစ်စစ်နဲ့...ငါ
နင်ရင်မှာပဲ သက်မဲ့ရုပ်ကြွင်းဖြစ်ကျန်ရစ်ခဲ့...။
ငါကပေါ့...
ဖြတ်သန်းသွားလာခွင့်မရှိတော့တဲ့ 
နင့်နှလုံးသားရှင်သန်ရာလမ်းမှာ
ရမ်းသမ်းမှန်းသမ်း လမ်းကန်းသွားခဲ့သူပါ
မျှော်လင့်ချက် တစွန်းတစ ခပ်ဖွဖွလှမ်းမျှော်မိချိန်
နင့်ရဲ့ ဥပက္ခာ နဲ့ အကြင်နာလစ်ဟင်းမှု့မှာ...ငါဟာ
ကြယ်ငေးမိတဲ့..သစ်ပင်ပါ...။
ထားရစ်ခဲ့ပါ..
ကြေကွဲမှု့နဲ့ ကမ်းပါးပြိုရာတစ်ဖက်ကမ်းမှာပေါ့..
အလွမ်းရဲ့ ပညတ်စေ့ဆော်ရာ
တစ်ကောက်ကောက်ပါနေတတ်တဲ့ အက်ရှသံနဲ့...ငါဟာ
ဒဏ်ရာအဖျားသွေးနဲ့ နာတာရှည်ဖြစ်မှန်းမသိဖြစ်ခဲ့..
အသွွေးမခံရသေးတဲ့ မာနခပ်တုံးတုံးမှာ
မိုးစား လေစားခံနေရတဲ့ ငါ့မေတ္တာတရားဟာ
ကောင်းကင်က အပြာရင့်ရင့်တွေဆီမှာဆိုတာ......။
စစ်သွေးညို 
19.4.2013
 
 
No comments:
Post a Comment