Saturday, July 20, 2013

ရန်ကုန်ဗျို.... ရန်ကုန်

 


ခုတော့ CNG ကားတွေနဲ့

မြို့ကြီးဟာ လှည့်ပတ်နေတယ်

ပြီးတော့ CNG ယန္တရားဟာ

ရန္ကုန္ကို မီးခိုးလုံးထဲ ဆွဲထည့်လို့။



အစစ်အမှန် တစ်ယောက်ရဲ့ ဘ၀အမြင်အတိုင်း

ဖျားတယ်၊ နာတယ်၊ နေမကောင်းဖြစ်တယ်

ရန်ကုန်ဟာ လက်ပိုက်ပြီး

စစ်သူကြီးမဟာဗန္ဓုလလို ရပ်ကြည့်လို့

တေလေရောဂါဘေးဆိုးများ

ရန်ကုန်ဟာ ရွှေတိဂုံစေတီတော်ကြီးနဲ့ ခုခံလို့

အာရှတိုက် အလင်းရောင်နဲ့

ရေကန်သာ ကြာတိုင်းမွှေးခဲ့လို့

ရွှေပြည်တော် မျှော်တိုင်းေ၀းခဲ့လေသလား

နာဂစ်လည်း နာဂစ်အလျောက်

ဆူနာမီလည်း ဆူနာမီအလျောက်

ဂျပန် ၈.၉ လည်း ၈.၉ အလျောက်

ရန်ကုန်ကို လက်ဆွဲနှုတ်ဆက်သွားတာပဲ

ရန်ကုန်ဟာ ရေပေါ်မြို့မဟုတ်ဘူး

ရန်ကုန်ဟာ ကုန်းတွင်းမြို့ မဟုတ္ဘူး

ဒီနဲ့လည်း ကြုံရတယ်

ရေနဲ့လည်း ဆုံရတယ်

အချစ်နဲ့ ကြုံဖို့ အလွမ်းနဲ့ဆုံခဲ့သလို

လေဒဏ်မိုးဒဏ် လေဒဏ်လည်း ခံရတယ်

ကမ္ဘာဖလားလေး မကျင်းပနိုင်တာက လွဲပြီး

ရန်ကုန်မှာ ရန်အကုန် ရှိနေတယ်။

အာရှပစိဖိတ် ဒေသရဲ့ အိနိ်္ဒယ ကျွန်းဆွယ်က မြို့ကြီးတစ်မြို့

ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် စာအုပ်ထဲမှာ

ရန်ကုန်သငေ်္ဘာရှိခဲ့သလို

အခုလည်း ရန်ကုန်ရှိနေတယ်

အလောင်းမင်းတရားကြီးက

ရန်တွေကုန်ခဲ့လို့ ဒဂုံကနေ ရန်ကုန်လု့ိ မှည့်ခေါ်ခဲ့သလို

ရန်ကုန်ဟာ အခုရှိနေတယ်

ပေါ်တူဂီမင်းသား စီရော်နယ်ဒိုတို့ အဘိုးအဘေးတွေ ရောက်ခဲ့သလို

အခုလည်း ရန်ကုန်ရှိနေတယ်။

ရွန်းနေတို့၊ တယ်ရီတို့ အဘိုးအဘေးတွေ

လာသိမ်းပိုက်လို့

ရန်ကုန်ဖြစ်ခဲ့တာ မဟုတ္ဘူး

ကုန်သည်ညီအစ်ကိုကြောင့်

စုတေခဲ့တဲ့ ရန်ကုန်ဟာ

အလောင်းမင်းတရားကြီးနဲ့မှ

ရန်တွေ ကုန်ခဲ့တဲ့ ရန်ကုန်ပါ။

တကယ်ပဲ ရန်တွေ ကုန်ခဲ့သလား။

ရန်ကုန်ဟာ သိပ္ပံကားထဲကလို ပျံကားနေပြီ

ရန်ကုန်ဟာ ဆဲလ်ပွားမှုတွေ အားများနေပြီ

ရန်ကုန်မှာ နိုင်ငံတကာသံရုံးတွေ ရှိနေသေးသလို

ရန္ကုန္ကေန တစ်နေ့ကို လေယာဉ်အစီးပေါင်းများစွာ

လူပေါင်းများစွာ ကမ္ဘာကိုထွက်ခွင့်ရနေပြီ။

ရန်ကုန်ဟာ ဘယ်တော့မှ

ဘဂ္ဂဒက် မဟုတ္ဘူး

ရန်ကုန်ဟာ ဘယ်တော့မှ ကဘူး မဟုတ္ဘူး

ရန်ကုန်ဟာ ဂါဇာ မဟုတ္ဘူး

ရန်ကုန်ရဲ့ နှလုံးသားဟာ ရွှေတိဂုံစေတီပဲ

ရန်ကုန်ရဲ့ သွေးကြောဟာ လှိုင်မြစ်ပဲ

ရန်ကုန်ရဲ့ ခြံစည်းရိုးဟာ ငမိုးရိပ်ပဲ

ယခုထိရန်ကုန်ဟာ ဘာကြောင့်ရန်ကုန်ဖြစ်နေသလဲဆိုတာ

ဆိုတာ...ရှင်းရှင်းလေးပါပဲ

ရန်ကုန်ဟာ ခက်ခဲမှု ဖံွ့ဖြိုးပြီးစမြို့ကြီးပါ

ရန်ကုန်ဖံွ့ဖြိုးပုံက

သူ့နယ်ပယ်ကို စက်မှုဇုန်တွေနဲ့ ချဲ့ကားပြီး

ပင်လယ်ကူးသဘောၤတွေကို

အဆက်အဆံမပြတ်သလို

လေယာဉ်တွေ ၀င်သွားလိုက်

ထွက်သွားလိုက်ကိုလည်း

ဇရပ္တစ္ခုလို လက်ခံတယ်

တစ်နေ့တစ်နေ့ ရန်ကုန်မှာ

လှုပ်ရှားနေတဲ့သူတွေဟာ

လူမျိုးစား ပေါင်းစုံတယ်

သူဌေးတွေ၊ ခွေးတွေ၊ အရာရှိတွေ၊

အဆင့်အတန်းမြင့် လူတွေ

ပြီးတော့

လက်လုပ်လက်စားတွေ၊

နိုင်ငံရေးခေါင်းဆောင်တွေ၊ သံအမတ်တွေ၊

ကုန်သည်တွေ၊ ကျေးလက်လူတန်းစားတွေ အစုံ

ရန်ကုန်ထဲ ၀င်ကစွပ်လို ၀င်လိုက် ထွက်လိုက်

ရန္ကုန္ကို အရောင်းမြှင့်လို့။

တကယ်တော့ ရန်ကုန်အကြောင်းကို

ရန်ကုန်ပဲ သိတယ်

မိုးမျှော်တိုက်ကြီးတွေကို ကြည့်ပြီး

အယ်လဲ၀မ်းသာရှိပေမဲ့

လေတိုက်ရင်လဲတော့မယ့်

တဲအိမ်လေးတွေကို ကြည့်ပြီး

ရင်ဘတ်လက်လေးနဲ့ ဖိမိတယ်

ရန်ကုန်ဟာ အမေတစ်ယောက်ဆိုရင်

ရန်ကုန်သားတွေဟာ သူ့သားသမီးတွေပဲ

ရန်ကုန်ဟာ သူ့ကိုယ်သူ ငုံ့ကြည့်တယ်

ရန်ကုန်ဟာ သူ့အပေါ်ကို မော့ကြည့်တယ်

ရန်ကုန်ဟာ ဘယ်တော့မမှားပေမဲ့

သူ့မှာ ၀မ်းနည်းစရာတွေက အပြည့်

အပူချိန်မြင့်လာလို့

ယပ်တောင်လေးလက်က မချနိုင်သလို

မိုးရေချိန်တိုးလာလို့ ခြေဖျားထောက်နေရတဲ့ဘ၀

ရန်ကုန်ရဲ့ ဒူးဆစ်အထိ ရေတွေ၀ပ်နေတယ်

ပြီး...

စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ဖို့

သူ့အသားက ကွန်ကရစ်နဲ့ မာနေတာ ရင်လေးတယ်

စတိုင်အမျိုးမျိုး၊ လူမှုပေါင်းစုံအမျိုးမျိုးမှာ

ရန်ကုန်ဟာ

၀တ်စားဆင်ယင်မှုကို ငေးပြီး စိတ်ပူတယ်

ရန်ကုန်ယဉ်ကျေးမှုဟာ

ကားစပယ်ယာလေသံလိုပဲ

ပျူနဲ့မတူ၊ မွန်နဲ့မတူ

ကရင်နဲ့မတူ၊ အညာနဲ့မတူ

ရခိုင်နဲ့ မတူ၊ ဘာသံတွေ ထွက်နေပါလိမ့်

အညာသားတွေကတော့ ရန်ကုန်ဟာ

ထွန်ယက်စရာ မလိိုတဲ့ ယာမြေပါတဲ့

မြစ်၀ ကျွန်းပေါ်ကလည်း

ရန္ကုန္ကို စိုက်ဖို့ဘယ်တော့မှ

ဓားမ ဦးမခ်ဘူးတဲ့

ခက္တာက

ပွဲစားဖြစ်တာလား

ခေတ်မီတာလား

ရန်ကုန်ဟာ ဟေတာ့ ဟလာတယ်

သူဟာ ရောင်းသူလား၊ ၀ယ်သူလား မသိဘူး။

တိုက်တွေ မှိုလိုကောင်းကင်အထိ တိုးတက္သြား

ခြေလှုပ်ပါးစပ်လှုပ် လက်လှုပ်

အာရုံကြောတွေပါ လှုပ်သလို

ကွန်ပျုတာထဲ ပစ်ထည့်ပြီး

ရန္ကုန္ကို ၃ီ နဲ့ ကြည့်ရတာလည်း

အရသာမရှိ

ဒါ Joy City မဟုတ္ဘူး

မြို့ပတ်ရထားတွေ

ပုံမှန်ပျောက်လိုက်၊ ပေါ်လိုက်

ဈေးအကြီးဆုံး အစားအစာနဲ့

ဈေးအနိမ့်ဆုံး အစားအစာဟာ

လူသားတွေကို နန်းဆွဲထားတဲ့ အာဟာရေတြပဲ

ဒီဈေးနဲ့၀ယ်လို့ ရမှန်း

တချို့က မယုံကြည်သလို

တချို့က ဒီလောက်ဈေးကြီးမှန်း မယုံကြဘူး

သူ့အလွှာနဲ့ သူပေါ့

အရည်အသွေးနဲ့ အရည်အချင်းတွေဟာ

မြေကြီးပေါ်မှာ ရပ်နေတာရင်း အတူတူ။

ထမင်းတစ်နပ်စာဟာ

ဘ၀တစ်ခုတည်ထောင်လို့ ရတယ်တဲ့

ဒေးဗစ်ဘက်ခမ်း ၀င်ငွေနဲ့

လူသန်းပေါင်းများစွာကို

တစ်နှစ်တင်ကျေွးနိုင်သလို

မိဘမဲ့ ပေါင်းများစွာ ကယ်တင်လို့ ရတယ်ဆိုတာရော

ရန္ကုန္ကေတာ့ ပန်းအိုးထဲက သစ်ပင်ပဲ

ကိုယ့်အမြစ် ကိုယ် နုတ်ပြီး မပြောင်းရွှေ့တတ်တော့

ခြောက်တဲ့လက်လည်း စို

စိုတဲ့လက်လည်း ခြောက်

တစ်ထောင့်တစ်ည အိပ်မက်နဲ့

ကောသလအိပ်မက်

ဘာကြာသလဲဆိုတဲ့ မေးခွန်း

ရန်ကုန်ဟာ မဖြေဘဲ ရေငုံနှုတ်ပိတ်နေတယ်

ရန်ကုန်ဗျို့...ရန္ကုန္ဆိုတာ

အရောင်းလား၊ အ၀ယ္လား

အသြားလား၊ အျပန္လား

တံခါးခေါက်သံလား၊ တွန်းဖွင့်သံလား

ဘာသာစကားအရ

ရန်ကုန်ခံစားမှုပေါ်မှာပဲ မူတည်တယ်

ရန်ကုန်ကျောရိုးပေါ် ကိုယ့်အကြောင်းအရာနဲ့ ကိုယ် အနုပညာကို

ရေးခြစ်နေကြသော ရန်ကုန်မြို့ကြီးမှ

သူငယ်ချင်း အောင်ရင်ငြိမ်း၊

သူငယ်ချင်း ၀ိုင်ချို၊

သူငယ်ချင်း မာန္ထက္သာ၊

သူငယ်ချင်း ကေမျိုးငြိမ်း၊

သူငယ်ချင်း နောင်မင်းနိုင်၊

သူငယ်ချင်း စိုးစံသစ်၊

သူငယ်ချင်း ဝါဆိုကိုဦး၊

သူငယ်ချင်း မင်းမဟာမိုး၊

သူငယ်ချင်း လူဇော်သစ်၊

သူငယ်ချင်း တီကျူး၊

သူငယ်ချင်း ခန့်မင်းထက်၊

သူငယ်ချင်း ေ၀မှူးသွင်နှင့်

ညီလေး သက်ငြိမ်သစ်၊ ဆရာမြေလတ်၊

ဆရာမင်းချမ်းမွန်၊ ကိုခိုင်မျိုး၊

ကိုရင်နီ၊ ကိုချစ်တိုးနွယ်၊ ကိုနေစိမ့်၊

ကိုငြိမ်းသစ်တို့ ကျန်းမာကြပါစေ။

ဇာတ်ကောင်တွေ ကျန်းမာမှ

ရန်ကုန်မြို့ကြီး ရှင်သန်မှာ

ရန်ကုန်ဗျို့ ရန်ကုန်ဆိုပြီး

ရန်ကုန်ဟာ အထက်ပါ

ဇာတ်ကောင်များဖြင့်

ခုနစ်ထွေ အက ကနေတယ်။

အရောင်းအ၀ယ် မဖြစ်မချင်း

ရန်ကုန်ဟာ ရန်ကုန်ပါပဲ။ ။



တိုးနှောင်မိုး

No comments: