Tuesday, July 16, 2013

တုံးလုံးပွဲ

 

စစ်ကိုကျွန်တော်မချစ်ဘူး
အရိပ်မည်းတွေအေးချမ်းတဲ့ဘ၀ကိုပိကျလာတိုင်း
အငိုက်မိသွားတဲ့အားလပ်ချိန်တွေဟာ
ထိပ်ထိပ်ပြာပြာ လန့်နိုးလာတယ်။
ကွင်းပြင်ထဲကြွတ်ကြွတ်အိတ်ပလပ်စတစ်အိတ်လိုမျိုး
လေတိုက်တိုင်းလွင့်နေတဲ့လွတ်လပ်မှုမျိုးက
ဘယ်မှာရှိမလဲ
သောင်ပြင်ကလိပ်တစ်ကောင် ရလား
ရေထဲကငါးတစ်ကောင် ရလား
စစ်ကအဲဒီလိုပဲ
ဘယ္သူမွမေနရဘူး။
မိသားစုတွေ
ခွေးသေ၀က်သေသေနေတဲ့ကွင်းပြင်တွေ
ကောင်းကင်ကတအိအိကျလာတဲ့စေတန်နတ်ဆိုးရဲ့အမိန့်လို
ငှက်ပျောပင်ထက်ပိုင်းပျက်သလို
ခြေထောက်ပြတ်သွားတဲ့ကချင်တိုင်းရင်းသားလေးလောက်ကံဆိုးမလား။
လက်မှတ်ထိုးရုံနဲ့
အယူအဆတွေမမျှဘူးဆိုတာသိကြပါတယ်
မြေညှိသလိုလွယ်ကူတဲ့ကိစ္စမှမဟုတ်တာ
တစ်ဦးနဲ့တစ်ဦး
အရူးလုပ်တမ်းကစားနေသလို
ဖန်ခွက်ချင်းထိသံနဲ့
ဖန္ခြက္ကြဲသံမတူဘူး ဆိုတော့။
ကျွန်တော် တို့က
ရလဒ်အသီးသီးရဲ့ဖြစ်တန်စွမ်းကိုပဲသိတာပါ
စစ်ဟာစက်ဘီးတစ်စီးကိုရိုက်ချိုးသွားတယ်
စစ်ကိုကျွန်တော်မချစ်ဘူး
ရ၀မ်ဒါကဟူတူတွေတွမ်စီတွေမှမဟုတ်တာ
ပျူပျူချင်းစစ်ဖြစ်တာကန့်ကွက်တယ်။
ဖေါက်ခနဲ လေကိုဖြတ်လာတဲ့ကျည်ဆံ
၀ုန်းခနဲ မြေသိမ့်တုန်သွားတဲ့အမြှောက်
လေထဲ ရစ်ခွေစီးနေတဲ့ယမ်းနံ့
မိခင်သောကကိုချရေးပြရင်ပဲ
လက်ပံပွင့်တွေကြွေနေတဲ့မြင်ကွင်းက
အပုတ်နံ့ကို မျက်ရည်မသုတ်အားအောင်ထိတ်လန့်မိတယ်။
စစ်ကိုကျွန်တော်မချစ်ဘူး
ရဲတိုက်တွေဘုန်းကြီးတွေမြင်းတွေအရင်
ပွန်းတွေချကြွေးခံရ
မငြိမ်းချမ်းတဲ့ငြိမ်းချမ်းရေးကိုပဲ
ဝါးကျည်တောက်ထဲကော်ဖီထည့်သောက်မိတယ်
အရသာက
ကမ်ဘာမြေပေါ်အောင်မြင်နေတဲ့လောဘ
သွေးတွေအချင်းများလို့ ဘယ်လိုလုပ်သွေးချင်းဖြစ်မှာလဲ
၁၄ထဲကတစ်နှုတ်လို့မရရင်
၁၃ကိုတစ်နဲ့ပေါင်းတဲ့နိမိတ်ဆိုး
စစ်ကိုကျွန်တော်မချစ်ဘူး
ဗုဒ္ဓကျောက်ဆင်းတုမှာထိမှန်ထာတဲ့ကျည်ရာကြည့်ပြီး
အော်..ပြောလိုက်တယ်
ဟောဒီအမှန်တရားဆိုတဲ့ကောင်ကြီး မကြားမချင်း။ ။

                                                        တိုးနှာင်မိုး

No comments: