Sunday, April 7, 2013

အတိတ်လက်ကျန်


အတိတ်လက်ကျန်

ကမ္ဘာလောကကြီးက ကျွန်တော်အတွက်

မနက်ခင်းအသစ်စက်စက်တစ်ခုချွတိလဲပေးလို်က်တယ်ဆိုရင်ဘဲ

မေ့့ပစ်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာ ဘ၀ကိုနေသားတကျရှိဖို့

စိတ္ဓာတ္ကို အမြင့်တစ်နေရာမှာ နေရာချလိုက်တယ်

အပေါ်ယံကြောလောက်သာ တင်းမာနိုင်တဲ့ ခံစားခ်က္က

သတိရခြင်းတွေမှာ ဇောချေွးလှိုင်လှိုင်နဲ့ စေးထန်းလာတော့လည်း

အမှန်သိရှိမိခဲ့တဲ့ ကိုယ်ပိုင်ဘ၀က

နောက်ကျန်သမိုင်းကြောင်းရဲ့အံ၀ှက်လေးတစ်ခုထဲမှာပဲရှိနေခဲ့သေးတယ်......။

 ဒီလိုနဲ့ ဘ၀ကဘယ်သောအခါမှ အသားနုတက်မှာမဟုတ်ဘူး

 ဒီလိုနဲ့ ဘ၀ကဘယ်သောအခါမှ သစ်လွင်လာမှာမဟုတ်ဘူး

 ဒီလိုနဲ့....ဒီလိုနဲ့...ဒီလိုနဲ့..

 စက္ကန့်တွေခြေချတိုင်း ကပ်ပါလာတဲ့အရိပ်က မနက်ဖြန်များစွာကိုဟောင်းနွမ်းစေခဲ့

 ဆာလောင်မွတ်သိပ်မှုတိုင်းကို မနက်ဖြန်များစွာက အိပ်မွေမချနိုင်တော့                                                            

  အတိတ်ကိုခွာချခဲ့မှု့တွေမှာ အနာဂါတ္က အဟာရအတု......။

                                                                                                 စစ်သွေးညို (၄၊၄၊၂၀၁၃)

No comments: