ဆဌမသင်္ဂါယနာတင်တော်မူပုံ
သာသနာတော်နှစ် ၂၄၉၈ခုနှစ် အရောက်တွင်
ပြည်ထောင်စုမြန်မာနိုင်ငံ၊ယိုးဒယားနိုင်ငံ၊သီဟိုဠ်၊
ကမ္ဘောဒီးယား၊ လာအိုနိုင်ငံ အပါအ၀င် ဗုဒ္ဓဘာသာ
ငါးနိုင်ငံတို့မှ လဇ္ဇီပေသလ၊သိက္ခကကာမ၊ပရိယတ္တိ
သာရဒ ဖြစ်တော်မူသော သံဃနာယက သံဃုတ္တဌ
သံဃရာဇာ သာသနာပိုင်အဘိဓဇမဟာရဌဂုရုဘွဲ့
တံဆိပ်တော်ရ မထေရ်မြတ်ကြီးတို့ ဦးစီးရှေ့ဆောင်
တော်မူသော သံဂီတိကာရက မထေရ် ၂၅၀၀ ကျော်
တို့သည် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရနှင့်တကွ
ပြည်ထောင်စုမြန်မာနိုင်ငံသားများကို သာသနာ့
ဒါယကာအဖြစ်နှင့်အမှီသဟဲပြုကာ ရန်ကုန်မြို့
ကမ္ဘာအေးစေတီတော်ဧ။် အရိပ်အောက် သီရိမင်္ဂလာ
ကုန်းမြေဆဌသံဂီတိမဟာ ပါသဏကျောက်လှိုင်ဂူ
တော်ကြီးမှာ ကောဇာသက္ကရာဇ် ၁၃၁၆ ခုနှစ်၊
ကဆုန်လပြည့်နေ့မှစ၍ သာသနာတော်နှစ် ၂၅၀၀၊
ကောဇာနှစ် ၁၃၁၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ထိ
၂ နှစ်တိုင်တိုင် အလွန်ကြုံကြိုက်ခဲလှသော သဘင်
ဆဌမသင်္ဂါယနာတင်တော်မူသည်။#end
No comments:
Post a Comment