စတုတ္ထသင်္ဂါယနာတင်တော်မူပုံ
ဘုရားလက်ထက်တော်မှစ၍ ၀ဋ္ဋဂါမဏိမင်းကြီး
လက်ထက်တိုင်အောင် ဗုဒ္ဓဧ။်တရားပိဋကတ်တော်များ
ကို ရဟန်းတော်အဆက်ဆက် အရကျက်၍ နှုတ်တက်
ဆောင်တော်မူခဲ့ကြလေသည်။ဝဋ္ဋဂါမဏိမင်းလက်ထက်၌
ဗြဟ္မဏာတိဿသူပုန်ထမှု့မှစ၍ မိစ္ဆာမင်းတို့သည်
နှောင့်ယှက်နေခြင်းကြောင့် ဆွမ်းအဟာရမမျှတသဖြင့်
နှုတ်ရကျက်ပြီးသောစာကို မပျောက်ပျက်အောင် ခဲယဉ်း
စွာ ဆောင်ကြရသည်။
ထို့ကြောင့် နောင်သောအခါ ရဟန်းတော်များသည်
နှုတ်ရမဆောင်နိုင်လျှင် ပိဋကတ်တော်များကွယ်ပျောက်
သွားမည်ကို စိုးရိမ်တော်မူသောကြောင့် ၀ဋ္ဋဂါမဏိမင်းဧ။်
အကူအညီကိုယူ၍ ရဟန်းတော်များသည် ပိဋကတ်တော်
များကို ပေရွက်ပေါ်၌ ရေး၍ စတုတ္ထသင်္ဂါယနာတင်တော်မူ
ကြလေသည်။
ထိုသို့ ပေရွက်ပေါ်၌ စာလုံးအက္ခရာရေးတင်မှု့ကို အကြောင်း
ပြုကာ ''ပေထက်အက္ခရာတင်သည်'' ဟုခေါ်ဝေါ်ကြလေသည်။
# end
No comments:
Post a Comment