ပထမသင်္ဂါယနာတင်တော်မူပုံ
ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက်
(၇)ရက်ကြာသောအခါ အရှင်မဟာကဿပသည်
ရဟန်းငါးရာဖြင့် ပါဝါပြည်မှ ကုဿိနာရုံသို့ကြွလာစဉ်
ခရီးအကြားနားနေတုန်းမှာ ဘုရားပရိနိဗ္ဗာန်စံတော်
မူကြောင်း ကြားရ၍ ရဟန်းကလေးများငိုကြသည်။
သုဘဒ္ဒဟူသောတောထွက်ကြီးကား"ငါ့ အရှင်တို့
မငိုကြနှင့် ရဟန်းဂေါတမဧ။် အချုပ်အချယ်ကို
ခ့ခဲ့ရလှပြီ၊ ယခုသူ့လက်မှလွတ်ကြပြီ၊"ဟု ၀မ်းသာ
အားရ ပြောလေသည်။
ထိုစကားကိုကြား၍ အရှင်မြတ်ကြီးက အနာဂတ်
သာသနာ အတွက်စိတ်မချ သံဝေဂဖြစ်တော်မူခြင်းဖြင့်
အောင့်အည်းသည်းခံခဲ့ရလေသည်။ထိုနောက် ဓါတ်တော်
များဝေဖန်ပြီး၍ သံဃာတော်များအလယ်တွင် ဗုဒ္ဓတရား
တော်များကို သဘောတူပေါင်းစု၍ သံဃာယနာတင်မိ
ထားလျှင် သုဘဒ္ဒလိုလူစားတွေဖျက်စီးနိုင်ဖွယ်မရှိ
ကြောင်းပြောပြလျှက် အဇာတသတ်မင်းအကူအညီဖြင့်
ရဟန္တာငါးရာနှင့်အတူ သင်္ဂါယနာတင်တော်မူသည်။
No comments:
Post a Comment