ဒုတိယကမ္ဘာစစ်စတင်ခါနီး ၁၉၄၂ခုနှစ်ဗြိတိသျှတပ်များဆုတ်ခွာလေသည်။
ထိုဆုတ်ခွာချိန်တွင် ကုလားဗမာအဓိကရုဏ်း
ဖြစ်ပွားလေသည်။
အကြောင်းအရင်းမှာ-
၁။ဗြိတိသျှအစိုးရမှ ရခိုင်သို့. အိန္ဒိယမှကုလား
   အမြောက်အမြားခေါ်သွင်း လာခြင်း။
၂။ထိုကုလားများအားလယ်ယာမြေများပေးခဲ့
   ခြင်းကြောင့် ကုလားမြေပိုင်ရှင်များ
   ပေါ်ပေါက်လာကာ လယ်ယာမြေဆုံးရှုံး
   ခဲ့ရသော ရခိုင်လယ်ယာမဲ့များ၏ ပဋိပက္ခ
   ကာလအတန်ကြာအမြစ်တွယ်ရာမှ 
   အဓိကရုဏ်းစတင်ခြင်း။
၃။ဗြိတိသျှတို့၏သွေးခွဲအုပ်ချုပ်ရေးစံနစ်
    ကြောင့်ဖြစ်ပွားခြင်း။
၎။အင်္ဂလိပ်တို့သည် ၁၃၀၀ပြည့်နှစ်အရေး
   တော်ပုံကို အာရုံလွှဲရန် ကုလားဗမာ  
   အဓိကရုဏ်းဖန်တီးမှု့ ကြောင့် ဖြစ်ပွားခြင်း။
၅။မြေပုံမြို့နယ် ချောင်းကြီးရွာသူကြီး
   နှစ်ဦးအား  ရက်ချောင်းရွာမှ ကုလား
   များက   ရခိုင်အုပ်ချုပ်သည်ကို မလိုလား
  သဖြင့် စစ်အတွင်းအခွင့်သာခိုက်သတ်
  ဖြတ်ခဲ့ခြင်း။
၆။ထိုကိစ္စကိုအကြောင်းပြု၍ 
  ရခိုင်လူမျိုး သိန်းကျော်အောင်၊ကျော်ယ  
  အစရှိသူတို့ကဧည့်သည်ရက်ချောင်း
  ကုလားတို့ကို လက်စားချေသတ်ဖြတ်ခြင်း။
       
  စသည့်အကြောင်းအရာများကို
  အကြောင်းအရင်း ခံကာ ကုလား-ရခိုင်
  အဓိကရုဏ်းစတင်ခဲ့ခြင်းဖြစ်လေသည်။
           မြေပုံမြို့နယ်မှတဆင့် မြောက်ဦး၊
  ကျောက်တော်မြို့နယ်အထိပြန့်နှံ့ကာ
  ဘူးသီးတောင်၊မောင်းတောမြို့နယ်၊
  ရသေ့တောင်အထိပြန့်နှံ့သွားသည်။
         ကုလားများမှ  ရခိုင်ရွာများမီးရှို့ခြင်း၊
  သတ်ဖြတ်ခြင်းများကြောင့်. ယင်းနယ်မှ              ရခိုင် အမြောက်အမြား  ထွက်ပြေးခဲ့
  ရလေသည်။ရခိုင်အမြောက် အမြား 
  အသက်ဆုံးရှုံးခဲ့ရပြီး ရွာများမီးရှို့ခံ 
  ခဲ့ရခြင်းကြောင့် ဘူးသီးတောင်
  မောင်းတောနယ်တွင် ရခိုင်ရွာ 
  အနည်းငယ် သာကျန်ကာ ယနေ့ 
  ထက်တိုင် နလန်မထူနိုင်ခဲ့တော့ပေ။   
           အသက်ရှင်ကျန်ရစ်သူများ၏       ပြောကြားချက်အရ မွတ်ဆလင် ကုလား 
တို့သည်အခွင့်အရေး ကြုံခိုက် ၄င်းဒေသ 
တွင်ရခိုင်တစ်ဦး တစ်ယောက်မျှ မကျန်ရစ်
စေရန် စီစဉ်ခြင်းပင်ဖြစ်သည်။
ထိုအဓိကရုဏ်းတွင် အလယ်သံကျော်၊
တပ်တိုးပြင်၊စပ်ချကုန်း၊ရှောက်ကိန်း၊
မြို့ချောင်းရွာတို့မှာမွတ်ဆလင်ဒဏ် အများဆုံးခံခဲ့ရပြီး ၄င်းရွာတို့မှ  
ရွာသူ/သား တို့မှာ ဒိန္နာစပူရ် စစ်ပြေး 
စခန်းသို့ တစ်ဦးတလေမှရောက်ရှိလာနိုင် 
ခဲ့ခြင်းမရှိခဲ့ကြောင်းသိရှိခဲ့ရသည်။
     ယင်းမူစလင်ကုလားများသည်ထွက်ပြေး
ရခြင်းမရှိပဲ ရခိုင်ပိုင် ကျွဲ၊နွားများနှင့် လယ်ယာများကိုသိမ်းယူကာလုပ်ကိုင် ခဲ့သည်။   ထိုအချိန်တွင် မောင်းတောမြို့တွင်
ကျန်ရစ်သောမွတ်ဆလင်များက
ငြိမ်းချမ်းရေးအဖွဲ့(peace comitte) ကိုဖွဲ့စည်းကာ  အုံမော်များကဥက္ကဌအဖြစ
်စီမံအုပ်ချုပ်ခဲ့ကြသည်။၎င်းအဖွဲ့သည် ဂျပန်ရောက်လာချိန်တွင် ဘာသာရေး
အသွင်ပြောင်းကာ ဂျမေတူအူလမား 
အမည်ဖြင့်   နိုင်ငံရေး စတင်လှုပ်ရှား
ခဲ့လေသည်။      
အကိုး-
     
ရခိုင်ကုလားကိုယ်တွေ့မှတ်စု-စာ၁/ ၅     
ရခိုင်ဖြစ်စဉ်သမိုင်း၊ဒုတွဲ-စာ/၃၆. ၃၇               
 
 
No comments:
Post a Comment