Sunday, August 26, 2012

၁၉၅၁ ခုနှစ် မောင်းတောမြိုနယ် အလယ်သံကျော်ရွာ၌ ကျင်းပသော မွတ်စလင်ညီလာခံ

၁၉၅၁ ခုနှစ် ဇွန်လတွင် မောင်းတောမြို့နယ် အလယ်သံကျော် ကျေးရွာမူလတန်းကျောင်း
(ယခု တွဲဖက်အထက်တန်းကျောင်း)     (အချို့က ဗလီရှေ့တွင်)မွတ်စလင် ညီလာခံကိုကျင်းပပြုလုပ်ခဲ့ကြသည်။

ထိုညီလာခံတွင်ပါလီမန်အမတ်များဖြစ်ကြ
သော စူလတန်မာမွတ်၊ ဦးဖိုးခိုင်(မွတ်စလင်)
ဒေါ်မြညွန့် တို့တက်ရောက်ခဲ့သည် ဟုဆိုသည်။                ထိုအစည်းအဝေးတွင် တောင်းဆိုချက် (၁၄)ချက် ကိုအင်္ဂလိပ်ဘာသာဖြင့် အစိုးရသို့ တင်ပြခဲ့ကသည်။         
၎င်းတို့တောင်းဆိုချက်များတွင်

*ရခိုင်ပြည်နယ်ကို နိုင်ငံတွင်းရှိ အခြား ပြည်နယ်များဖြစ်ကြသော ရှမ်း၊ကရင်၊
ချင်း၊ကချင်ပြည်နယ်များနည်းတူ    လွတ်လပ်သော မွတ်စလင်ပြည်နယ် အဖြစ်   အမြန်ဆုံး ဖွဲ့စည်းပေးရန်၊ ၄င်းပြည်နယ်တွင်ပြည်နယ်အစိုးရကွပ်ကဲမှု့
ဖြင့် ပြည်နယ်စစ်တပ် ပြည်နယ်လုံခြုံရေး အဖွဲ့များဖွဲ့စည်းထားရှိရန်။

*စစ်တွေမြို့ကို ပြည်နယ်တောင်ပိုင်းနှင့်
မြောက်ပိုင်းမြို့တော်အဖြစ်သတ်မှတ်ကာ
မြို့နှင့်ဆိပ်ကမ်း ကွပ်ကဲမှု့ကို ရခိုင်နှင့်
မွတ်စလင်(၅၀)ရာခိုင်နှုန်းစီ စီမံခန့်ခွဲအုပ်ချုပ်
ရန်း နှင့် ပထမဆုံးမြို့တော်ဝန်နှင့် တိုင်းမင်း
ကြီးကို မွတ်စလင်လူမျိုးမှခန့်ထားရန်။

*လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရန်၊ထိုတပ်ဖွဲ့
တွင် မွတ်စလင် (၅၀)ရာနှုန်းပါဝင်ရန်။

*ဗဟိုအစိုးရအဖွဲ့တွင် မူစလင် ၀န်ကြီး
ထားရှိရန်။

*တိုင်းပြုပြည်ပြုလွှတ်တော်တွင် အခြားပြည်နယ်နှင့်တိုင်းများနည်းတူ
ကိုယ်စားလှယ်အညီအမျှစေလွှတ်ခွင့်ရရန်။

*မွတ်စလင်ကောင်စီ ထားရှိခွင့်ပြုရန်။

*အစ္စလာမ်အထက်တန်းကျောင်းများနှင့်
ကောလိပ်ကျောင်းများတည်ထောင်ခွင့်ပြုရန်။

       ထိုညီလာခံ၏လမ်းညွှန်ချက်များသည်
ယနေ့တိုင်လှုပ်ရှားနေသော ဘင်္ဂါလီ
ီမွတ်စလင်များ၏ နိုင်ငံရေး လမ်းကြောင်း
ပင်မရည်မှန်းချက်ပင်ဖြစ်သည်။ဤသည်ကို
ကြည့်ခြင်းအားဖြင့် ဘင်္ဂါလီမွတ်စလင်
တို့သည် ရခိုင်ပြည်နယ်တခုလုံးအား ၄င်းတို့
မွတ်စလင်တိုင်းပြည် အဖြစ်တဆင့်ပြီး
တဆင့်သိမ်းသွင်းရန်ရှေးခေတ်အဆက်
ကတည်းက ကြိုးပမ်းနေကြခြင်း ကိုသိရှိနိုင်ပေသည်။

   အကိုး-ရိုဟင်ဂျာစာတမ်းပြုစုခြင်း
             လက်နှိပ်စက်စာမူ၊စာ ၅

Y.axis

No comments: