ရင်ထဲကလိုပဲ
ညဦးယံက မိုးရနံ့ နှင့်အတူ မူမမှန်တဲ့ အသံနဲ့
ကျောခိုင်းနေရစ်တဲ့ လမ်းမှာ
တဖြိုးဖြိုး တဖျောက်ဖျောက်
ကိုယ်တိုင်ပျော်ဝင်ခြင်းမရှိတော့တဲ့ ည တွေ မှာ တိတ်တဆိတ်မငိုတတ်တဲ့ တိမ်တွေကခိုးပြိုသလို
ဆောက်တည်ရာမရခြင်းတွေက
အပြစ်ကြီးတခုလိုဖြစ်လို့...
တိတ်တိတ်ဆိတ်ဆိတ် နွမ်းနယ်နေတဲ့ လိုအင်တွေ
တိတ်တိတ်ဆိတ်ဆိတ်လေး ရုန်းကန်ခံနေရတော့
မချိတင်ကဲ ခပ်ကျဥ်းကျဥ်း အခန်းထဲ မှာပဲ
နာကျင်သံတွေအဖြစ် လွင့်ပျံ ပြလိုက်မိတယ်....။
အဲဒီနောက်..
တကျွတ်ကျွတ်နဲ့ စုပ်သပ်နေရတဲ့ တောင့်တမှု့တွေနဲ့
ရင်ဘတ်ကို ခပ်တင်းတင်းဖိရင်း
သူ အပြုံးတေ လင်းလက်ဖို့ ရင်ဘတ်ထဲထိ
အလွမ်းတွေရဲ့ ခပ်ဖွဖွလေးနမ်းတဲ့
အနမ်းကို ရဲရဲရင့်ရင့် လက်ခံလိုက်တယ်
ရင်ထဲရှိသမျှ အမှတ်တရဆိုးတွေက
နူးညံ့တဲ့ အမှတ်တရအဖြစ်
နှလုံးသွေးသားထဲထိ ပွင့်ဖတ်ကလေးတချပ်လို စိမ့်လို့..
သူပျော်ပါစေ အတွေးနဲ့
ဟိုးး အတိတ်တွေ ပြန်ရောက်မလာမချင်း
ခပ်ဝေးဝေးက နူးနူးညံ့ညံ့လေး လွမ်းနေလိုက်တယ်
စစ်သွေးညို (26.8.2025)10:05PM
No comments:
Post a Comment