Thursday, August 21, 2025

လျှပ်တပြတ် အနမ်း

လျှပ်တပြတ် အနမ်း
****************

ငြိမ်သက်တဲ့ ရင်က ခံစားချက်က
စကားမပြောနိုင် သီချင်းမဆိုနိုင်
မျှဝေချင်စိတ်တွေကို သက်ပြင်းရှည်တွေနဲ့
ဖုံးချလိုက်တယ်။

ထိုင်နေရာအရပ်မှာက ငြိမ်းငြိမ်းချမ်းချမ်း
အကြိမ်ကြိမ် ထောက်ရှု့မိတဲ့ ​မျက်ဝန်းတွေက
စကားထက်မြန်ပြီး အဓိပ္ပာယ်များကြောင်း
ရင်တခုန်စာ အကွာလောက်
မပြောမဆိုဘဲ အနားကပ်လိုက်မိတယ်။
နှုတ်ခမ်းဖျားတေ တွန့်ကွေးရင်း
ချစ်သမျှအကြောင်း 
အနမ်းပန်းတွေက တချပ်ချင်းပွင့်လို့..
စကားမလိုပဲ အနမ်းအချို့
ပွင့်ဟလာတဲ့ အခိုက်အတန့်
စကားချိုချိုထက် လှပလွန်းတဲ့ စွမ်းအားကြီးက
သူ့...နှုတ်ခမ်းပေါ်မှာ ကျန်ရစ်နေသေးတယ်။
ကောင်းကင်ထဲ  မျှော်လင့်ချက်တေ  
ငြိမ်းငြိမ်းချမ်းချမ်း ကိုင်းညွှတ်ရင်း
အနားကပ် တီးတိုးသံ ရဲ့ရဲ့က တိတ်တဆိတ်
စကားလုံးမလို အမူအရာကသဲ့သဲ့
လေညင်းသံလွင်လွင်လေးမှာ
အသားတကျ နမ်းသွားမိတဲ့ အခိုက်အတန့်
ရင်ခုန်သံစည်းချက်က
ငြိမ်းငြိမ်းချမ်းချမ်း လှလှ ပပ
နှုတ်ခမ်းတစုံ အပေါ်
ရင်ခုန်သံလှိုင်း က ပဲ့တင်ထပ်လို့...
စကားလုံးတေနဲ့ ချမရေးနိုင်ခဲ့တဲ့ 
ချစ်ခြင်းတွေက မပြောမဆို နမ်းမိသွားတဲ့
အိပ်မက်တွေပေါ်မှာ တည်မြဲသွားခဲ့တယ်.....။

                       စစ်သွေးညို (21.8.2025)9:45PM

No comments: