Pages

Wednesday, August 29, 2012

မြန်မာ့စကားပုံများအပိုင်း(၁-၂)

၁။ကျားကျား မီးယပ်           
ယောက်ျားလူနာဖြစ်စေကာမူ
မီးယပ်ရောဂါဖြစ်သည်ဟု ဆေးဆရာက
မလျှော့တမ်းပြောဆိုသကဲ့သို့ မိမိပြောဆိုမိ
သည်ကို ယုတ္တိမတန်မှန်းသိပါလျှက် ဇွတ်
တိုး၍ မလျှော့တမ်း ဆုပ်ကိုင်ပြောသည်။
၂။နတ် ကရာကျီးမော
              ကျီးငှက်သည် မိမိအတွက်အစာ
မရှာပဲ နတ်ပွဲကို ငေးမောရင်း အချိန်ကုန်
သကဲ့သို့ အကျိုးရှိမည့် အလုပ်ကို မလုပ်ပဲ
မသက်ဆိုင်သောကိစ္စ၌ စိတ်ပါဝင်စားရင်း
အချိန်ကုန်ဆုံးရသည်။
၃။နည်းရောင်းများရောင်း တောင်းပြည့်
               နည်းနည်းဝယ်လည်းရောင်း
များများဝယ်လည်းရောင်း၊ရောင်းဖန်များ
သော် ငွေထည့်သောတောင်းပြည့်လာ
သကဲ့သို့ နည်းနည်းရလည်းစု၊ များများရ
လည်းစု၊ စုဖန်များလျှငွား ပြည့်ဝကုံလုံလာ
သည်။
၎။ပျားရည်တစ်စက်နဲ့ပြည်ပျက်
                  ပျားရည်တစ်စက်ကြောင့်
တိုင်းပြည်ပျက်သကဲ့သို့ သေးငယ်သော
အမှု့ကို မဖြေရှင်းနိုင်လျှငမ်း ပိုမိုကြီးထွားလာ
္တ်ပြီး ကြီးမားသောဆုံးရှုံး မှု့နှင့်ကြုံတတ်သည်။
၅။အင်း ကောင်း ဗျာ မတန်
             စေတနာကောင်းလျှင်
အင်းလိုက်ခြင်းက ဗျာ ဟုသုံးခြင်းထက်
တန်ဖိုးရှိသကဲ့သို့ စေတနာစစ်မှန် လျှင်
အမူအရာပင်ရိုင်းသော်လည်း လောကွတ်
ပြုသည်ထက် တန်ဖိုးရှိသည်။
Published with Blogger-droid v2.0.6

No comments:

Post a Comment